ရန်ကင်း သြဂုတ် ၂၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရေးသူဖတ်သူ ဆွေးနွေးပွဲကို ဆရာ ဦးစိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ)ရေးသားသော ကြက်သွန်နီအကြောင်း သိကောင်းစုံလင်စာအုပ်ဖြင့် ယနေ့ နံနက် ၁၀:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေပွဲတွင် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ကဿ်သွန်နီ၏ အစွမ်းထက်သော အာနိသင်များအကြောင်းကို စာဖတ်သူပြည်သူများ အသိဥာဏ်ပညာတိုးပွားစေရန် ရည်ရွယ်၍ ဆရာဦးစိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ) ရေးသားသော ကြက်သွန်နီအကြောင်း သိကောင်းစုံလင်စာအုပ်ဖြင့် ရှင်းလင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဦးစွာမိတ်ဆက်စကား ပြောကြားခဲ့ပြီး စာဖတ်သူ ဦးဆန်းဝင်းထွန်းမှ ကြက်သွန်နီစားသုံးခြင်း၏ အကျိုးကျေးဇူးများကို မေးမြန်ခဲ့ရာ ဆရာဦးစိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ)က ကြက်သွန်နီစာသုံးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ အိပ်ပျော်စေနိုင်ခြင်း၊ အရေပြားနဲ့ဆံသားကိုကျန်းမာစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ အရိုးများကိုသန်မာစေခြင်း၊ အစာခြေစနစ်ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများကို ရှင်းလင်းဖြေကြားပေးခဲ့သည်။
ဆက်လက်၍ ကြက်သွန်နီကို ဘယ်နေရာတွေမှာ အသုံးပြုနိုင်သလဲ၊ ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို စာဖတ်ပရိသတ် ဒေါ်ဥမ္မာမှ မေးမြန်းခဲ့ရာ အင်းဆက်ပိုးတွေ အကိုက်ခံရခြင်း၊ မီးလောင်ဒဏ်ရာပေါ်တွင် သုတ်လိမ်းပေးခြင်း၊ ရေနွေးပွက်ပွက်ဆူနေတဲ့အထဲထည့်ပြီး အရည်ကို သောက်ပေးခြင်း၊ ထောပတ်သီး အရောင်ပုပ်မဲမသွားစေရန် ကြက်သွန်နီ ရောထည့်ထားခြင်းနှင့် ကဿ်သွန်နီဖျော်ရည်သည် လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေတဲ့ သဘာဝဆေး စွမ်းကောင်းဖြစ်ကြောင်း ဆက်လက်ရှင်းလင်း ဆွေးနွေးခဲ့သည်။
သို့ဖြစ်ရာ ရေးသူဖတ်သူဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာအသင်း (Book Club)၊ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသူ/သားများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆရာဦးစိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ)က အကျယ်တဝင့် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရသည်။
အိရွှေစင်(ပြန်/ဆက်)