မန္တလေးခရိုင်အတွင်းရှိ စာကြည့်တိုက်များရှင်သန်အောင်မြင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးခရိုင် သြဂုတ် ၂၅

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မန္တလေးခရိုင် မြို့နယ်အတွင်းရှိ မြို့နယ်ဦးစီးအရာရှိများနှင့် မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းအသင်းဥက္ကဋ္ဌ ဦးသောင်းနိုင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက တက်ရောက်လာသည့် မြို့နယ်ဦးစီးအရာရှိ များနှင့် မိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် တက်ရောက်လာသည့် ဦးစီးအရာရှိများက မိမိတို့မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ ဖွင့်လှစ်မှုအခြေအနေများ၊ ကျောင်းစာကြည့်တိုက်များ၏ စာအုပ်လိုအပ်မှုအခြေအနေများ၊ စာကြည့်တိုက်ရှင်သန်အောင်မြင်ရေးအတွက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ဆက်လက်ပြီး ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လက်ခံပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုတ်ကူးခဲ့ကြ ကြောင်း သိရှိရသည်၊။

ကျော်ကျော်အောင် (ခရိုင် ပြန်/ဆက်)