မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ

သင်္ဃန်းကျွန်း သြဂုတ် ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်နှင့်  ရုံးဝန်ထမ်း များမှ Money Pox မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ၊ ဘာကြောင့် Monkey Pox မျောက်ကျောက်ရောဂါဟု ခေါ်ဆိုတာလဲ၊ မျောက်ကျောက်ရောဂါကို ဘယ်နေရာမှာ တွေ့ရှိခဲ့သလဲ၊ ရောဂါလက္ခဏာတွေက ဘာတွေလဲ၊ မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်ပါသလား၊ မျောက်ကျောက်ရောဂါဟာ တိရစ္ဆာန်ကနေ လူဆီကို ဘယ်လိုပျံ့နှံ့ပါသလဲ၊ မျောက်ကျောက် ရောဂါဟာ လူလူချင်းဘယ်လို ကူးစက်ပါသလဲ၊ မိမိကိုယ်ကိုနဲ့ တခြားသူတွေကို မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ စသည့် Money Pox မျောက်ကျောက်ရောဂါနှင့် ပတ်သက်တဲ့ အကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် စာပေဟောပြောပွဲများ၊ Talk Show အစီအစဉ်များ၊ ပုံပြင်ပြောခြင်း အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ကိုဘုန်း(သင်္ဃန်းကျွန်း)