စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲ ခင်းကျင်းပြသ

စဉ့်ကူး   ဩဂုတ်  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုစိတ် တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲက စာအုပ်ပြပွဲကို ခင်းကျင်းပြသ ဆောင် ရွက်ခဲ့သည်။

အဆိုပါစာအုပ်ပြပွဲတွင် အတ္ထုပ္ပတ္တိစာအုပ်များ၊ မြန်မာ့သမိုင်းကြောင်းစာအုပ်များ၊ အတွေးအခေါ်စာအုပ်များ၊ ဆေးပညာစာအုပ်များ၊ စိုက်ပျိုးမွေးမြူရေးစာအုပ်များ၊ နည်းပညာစာအုပ်များ၊ စာပေဗိမာန်စာမူဆုရ စာအုပ်များ၊ ဘာသာပြန်ဝတ္ထုများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ ကာတွန်း ရုပ်ပြစာအုပ်များနှင့် ကလေးစာပေများ စသည့် စိတ်ဝင်စားဖွယ် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများ စိတ်ဝင်စားစွာလာရောက်လေ့လာကြည့်ရှု၍ ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတမြင့်မားတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်ဆက်)