ချမ်းမြသာစည် ဩဂုတ် ၂၆
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးတက်စေရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊စာကြည့်တိုက်ကို အသုံးပြုတတ်စေရေးတို့ကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်အဖြစ် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ပြိုင်ပွဲစည်းကမ်းချက်များကိုလည်းကောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ပုံပြင်ပြောပြိုင်ပွဲသို့ အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၀)ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများအားဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)