ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ​ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။

ရွာခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၏ (၆၉)ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပါဝင်မှုဖြင့်  မြန်မာကဗျာချစ်မြတ်နိုးသူအသင်းက အမှတ်(၂)၊၂၀၂၂ခုနှစ်၊ ဩဂုတ်လတွင်ရေးသားထုတ်ဝေသည့် မြန်မာကဗျာမော်ကွန်း မဂ္ဂဇင်းစာအုပ်ပါခေါင်းစဉ်များဖြင့် ယနေ့နံနက်ပိုင်းက (၆၉)ကြိမ်မြောက် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပုံပြော၊ကဗျာရွတ်၊စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက ကျောင်း သား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးနှင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အုတ်ဖိုမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်၏ အသိပညာပေးကဏ္ဍ အများပြည်သူ ထံမှတုံ့ပြန်မှုရယူခြင်းအစီအစဥ်"1111" Public Feedback Programme အစီအစဥ်အရ ယနေ့နံနက်ပိုင်းက အုတ်ဖိုမြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့်ဝန်ထမ်းများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊တွံ တေးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း (မူလွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲတို့ကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသားကျောင်းများနှင့်စာပေချစ်မြတ်နိုးသူများ စာအုပ်စာပေများပုံမှန်ငှားရမ်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများက အားလပ်ချိန်များတွင် စာအုပ်စာပေများငှားရမ်းဖတ်ရှုခြင်းများပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဥ်စည်းကမ်း လမ်းစည်းကမ်း  အသိပညာပေး Talk Show ကို ယမန်နေ့နံနက်  ၁၁ နာရီ အချိန်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အသိပညာပေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့  ပူးပေါင်း၍  online မှတဆင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး  အသိပညာပေး Talk Show ကို   သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။

ဗလငါးတန်နှင့်ပြည့်စုံ၍ မျိုးချစ်စိတ် ရှင်သန်ထက်မြတ်စေရန်၊ အတွေးအခေါ်များ မှန်ကန်လာစေရန် လူငယ်စကားဝိုင်းကျင်းပ

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌  ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ် အ.မ.က(၅)၌ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့်က ကျိုက်လတ်မြို့နယ် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ