စေတုတ္တရာမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ ထူးချွန်ထက်မြတ်၍ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက်ပိုင်း (၉) နာရီက ကျင်းပသည်။