မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအကြို ဆန်းစစ်စာမေးပွဲ(တိုင်းဒေသကြီးအဆင့်-ပထမအကြိမ်) ဖြေဆိုဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေး ဇန်နဝါရီ ၁၈

ပညာရေးဟူသည်မှာ မွေးဖွားချိန်မှအစပြုကာ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ်သင်ယူရမည့်အရာဖြစ်ပြီး လူတစ်ဦးချင်း ဘဝရှင်သန်ရပ်တည်နိုင်ရေးသာမက နိုင်ငံ၏လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် အဓိကအရင်းအနှီးဖြစ်ကြောင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအကြို ဆန်းစစ်စာမေးပွဲ(တိုင်းဒေသကြီးအဆင့်-ပထမအကြိမ်)ဖြေဆိုဆောင်ရွက်နေသည့် စာဖြေဌာနများသို့ သွားရောက်၍ ကြည့်ရှုအားပေးစဉ် ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာရေးကဏ္ဍမြှင့်တင်ရေးနှင့် ၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအကြို ဆန်းစစ်စာမေးပွဲ(တိုင်းဒေသကြီးအဆင့်-ပထမအကြိမ်)ဖြေဆိုဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ရှိ IBS ကိုယ်ပိုင်အထက်တန်းကျောင်း၊ အမှတ်(၃)အ.ထ.ကနှင့် မိသားစုကိုယ်ပိုင်အထက်တန်းကျောင်းများသို့ သွားရောက်၍ ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရေးဟူသည်မှာ မွေးဖွားချိန်မှ အစပြုကာ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ်သင်ယူရမည့် အရာဖြစ်ပြီး လူတစ်ဦးချင်း ရှင်သန်ရပ်တည်နိုင်ရေးသာမက နိုင်ငံ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် အဓိကအရင်းအနှီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသော တက္ကသိုလ်ဝင်တန်း(Grade-12) ကျောင်းသား၊ ကျောင်းသူများအပါအဝင် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများအားလုံး တတ်မြောက်မှုအရည်အသွေး ပြည့်ဝစွာဖြင့် ပညာသင်ယူနိုင်ရေး၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ၌ ၂၀၂၃ ခုနှစ်က ရရှိခဲ့သည့် အောင်ချက်(၇၅.၀၄%)အား ထိန်းထားနိုင်ရေးနှင့် (၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူဦးရေ ပိုမိုများပြားပြီး အောင်ချက်ရာခိုင်နှုန်း (၇၆%)နှင့်အထက်ရရှိရေး၍ မြန်မာတစ်နိုင်ငံလုံးအောင်ချက် အဆင့်(၁)ကို ဆက်လက်ရရှိရေး ရည်မှန်းချက်အား ကြိုးစားဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအကြို  ဆန်းစစ်စာမေးပွဲ(တိုင်းဒေသကြီးအဆင့်-ပထမအကြိမ်)ကို မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ ဦးဆောင်မှုဖြင့် ၁၅-၁-၂၀၂၄ ရက်နေ့မှ ၂၀-၁-၂၀၂၄ ရက်နေ့အထိ မကွေးတိုင်းဒေသကြီးအတွင်း ကျင်းပလျက်ရှိကြောင်း သိရသည်။

ယခုကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအကြို ဆန်းစစ်စာမေးပွဲ (တိုင်းအဆင့်-ပထမအကြိမ်)ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း (၂၃)မြို့မှာ ကျောင်းတွင်း တက်ရောက်ပြင်ပမှ ဝင်ရောက်ဖြေဆိုမည့်သူ (၂၃၄)ဦး စုစုပေါင်း ကျောင်းသူ/ကျောင်းသားပေါင်း (၉၀၄၁)ဦးက ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယနေ့(၁၇-၁-၂၀၂၄)နေ့တွင် သင်္ချာဘာသာရပ်ကို ဖြေဆိုလျက်ရှိပြီး၊ တိုင်းဒေသကြီးအဆင့် ဒုတိယအကြိမ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ(၁၃)ရက် နေ့မှစပြီး ကျင်းပရန် လျာထားကြောင်း သိရသည်။

ထို့အတူ နိုင်ငံတော်က ကျင်းပမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို (၁၁-၃-၂၀၂၄)နေ့မှ (၁၉-၃-၂၀၂၄)နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ပြန်ထားပြီး အဆိုပါစာမေးပွဲကို မကွေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာနပေါင်း (၄၃)ခုမှာ ဖြေဆိုရန် လျှောက်ထားသူပေါင်း (၉၇၉၀)ဦးရှိပြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၂၀၂၃ ခုနှစ်ထက် အောင်ချက်ရာခိုင်နှုန်း ပိုမိုမြင့်မားရေးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ