မကွေးတိုင်းဒေသကြီး

ရေနံချောင်းတက္ကသိုလ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။

နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ချောင်းနက်ကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာ တောင်သူဦးဘိုဝင်း၏ ယာမြေ (၀.၁၀) ဧကတွင်ကျင်းပခဲ့သည်။ 

နတ်မောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် န/ကျားထူး မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့များအား စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီအချိန်က နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြို့သစ်မြို့နယ်၊ မင်းရပ်အ.မ.ကကျောင်း၌ လူငယ်ရေးရာ အသိပညာပေး‌ဟော‌ပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မင်းရပ်အ.မ.က-ကျောင်း၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ယမန်နေ့၊ နေ့လည် (၁) နာရီက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်ချီးမြှင့်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ချီးမြှင့်သည်။

မင်းဘူးမြို့၌ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ညနေ (၃)နာရီတွင် သတ်မှတ်စုရပ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ခရိုင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

စလင်းမြို့နယ်တွင် စျေးကွက်အတွင်း ကုန်ပစ္စည်း(၁၀)မျိုးအား ကုန်းညွန်းအမှတ်အသားနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာမြို့မစျေးကြီး  အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များအား စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့်  ကုန်ပစ္စည်း (၁၀)မျိုးအား  ကုန်အညွှန်းအမှတ်အသားနှင့် စျေးကွက်အတွင်း  စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် လယ်ကျိုးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လယ်ကျိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး