မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ်၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

ငဖဲမြို့နယ် ပန်းထိန်းကျေးရွာတွင် မြေအိုးလုပ်ငန်းကို နှစ်စဥ်ရိုးရာမပျက် လုပ်ကိုင်ရောင်းချလျက်ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပန်းထိန်းကျေးရွာသည် ပန်းထိန်းမန်းချောင်းဘေးတွင်တည်ရှိပြီး ဒေသခံတောင်သူများက လယ်ယာလုပ်ငန်း၊ ဥယျာဥ်ခြံမြေလုပ်ငန်းနှင့်အတူ ဘိုးဘွားအစဥ်အဆက် မိရိုးဖလာမိသားစုတနိုင်တပိုင်လုပ်ငန်းအဖြစ် မြေအိုးလုပ်ငန်းကို နှစ်စဥ်အစဥ်အလာမပျက် ထိန်းသိမ်းလုပ်ကိုင်ရောင်းချပြီး မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့ အ.ထ.က(၁)ကျောင်း၌ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းများနို့တိုက်ကျွေးခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြစိမ်းရောင်(နို့စားနွား) မွေးမြူရေးအသင်းတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ အရိုးအဆစ်သန်မာစေရန်၊ နို့သောက်သုံးသည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်အတွက် နွားနို့တိုက်ကျွေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက သီလကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူလမ်းပေါ်ရှိ ဆူးလေကုန်းတံတားပေ(၁၂၀၀) တည်ဆောက်ခြင်း အိတ်ဖွင့်တင်ဒါစီစစ်ရွေးချယ်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပေါ်ရှိ ဆူးလေကုန်းတံတား ပေ(၁၂၀၀) တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါ စီစစ်ရွေးချယ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက တံတားအထူးအဖွဲ့(၅)၊ ဆိပ်ဖြူရုံး၌ ဆောင်ရွက်သည်။

ရေနံချောင်းမြို့ အ.ထ.က(၁)ကျောင်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။

ရေနံချောင်းမြို့နယ် ပဆင-အေးရွာ-ညောင်စောက်ချောင်း-ဝါးရိုးလမ်းအား ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်သည် လမ်းဦးစီးဌာန လမ်းကြီးကြပ်ရေးအဖွဲ့(မကွေး)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရေနံချောင်းမြို့နယ် ပဆင-အေးရွာ-ညောင်စောက်ချောင်း-ဝါးရိုးလမ်းအား ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေနံနက် (၉)နာရီက ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ငဖဲမြို့နယ် အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကျောင်းပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးကင်းစင်နယ်မြေဖြစ်စေရန် ရည်ရွယ်၍ မကွေးမြို့ အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စုမှ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးများအကြောင်း သိကောင်းစရာမျာကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး