မကွေးတိုင်းဒေသကြီး

ကံမမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင်လည်း ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။

မန်းရွှေစက်တော်ဘုရားပွဲ၌ ဘုရားဖူးပြည်သူ ၁၈၀၀၀၀ ကျော် လာရောက်ဖူးမြော်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတွင် ဘုရားဖူးပြည်သူ ယနေ့အထိ ၁၈၇၁၁၈ ဦး လာရောက်ဖူးမြော်လျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။

အောင်လံမြို့နယ်၌ နွေစပါးလျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် ရေပေးဝေနိုင်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်း နွေစပါးလျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့သစ်မြို့နယ်အတွင်းရှိ ပြည်သူများ အပူဒဏ်ကင်းဝေးစေရေးအတွက် အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဧပြီလဆန်းပိုင်းမှစတင်၍ အပူချိန်သိသိသာသာမြင့်တက်လာခြင်းကြောင့် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များအနေဖြင့် အပူဒဏ်ကြိုတင်ကာကွယ်နိုင်ရေး၊ အပူဒဏ်ကင်းဝေးစေရေးနှင့် ရှောင်ရှားနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အပူရှောင်စခန်းများကို ဧပြီလ ၁ ရက်နေ့ကစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ ရွှေဘုံသာဘုန်းတော်ကြီးကျောင်း၊ ဇေယျမင်္ဂလာဂါတ်ကျောင်းနှင့် သရက်တောဘုန်းတော်ကြီးကျောင်းတို့တွင် အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် နွေရာသီကာလအပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရေး အပူရှောင်စခန်းဖွင့်လှစ်ပေး

မကွေးတိုင်းဒေသကြီး၊ ယခုရက်ပိုင်းအတွင်း ကမ္ဘာ့အပူဆုံးဒေသစာရင်း၌ ပါဝင်လျက်ရှိပြီး ပခုက္ကူမြို့နယ်တွင်လည်း အပူချိန်မြင့်တက်လာမှုတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် နွေရာသီကာလ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးရည်ရွယ်၍ အပူရှောင်စခန်း ၁ ခု ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့သစ်မြို့တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ဧပြီလအတွင်း အပူချိန်မြင့်တက်လာသည့်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာရှိဒေသခံပြည်သူများ မိမိတို့နေအိမ်များ၌ နေထိုင်ရန် ခက်ခဲပြီး အပူဒဏ်ကိုတိမ်းရှောင်ရန် လိုအပ်မည့်သူများ၊ သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက်နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းများကို ဧပြီလ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ထားရှိခဲ့သည်။

မင်းဘူးမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ Community Centre ၌ စာပေစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် သင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအဖွဲ့အကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်နှင့်ယိမ်းအဖွဲ့များ တပင်တိုင်အကများဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာနှင့် ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲသွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး