မကွေးတိုင်းဒေသကြီး

ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတ တိုးပွားစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၁၂ နာရီခွဲအချိန်က ၂၀၂၃ ခုနှစ် ဧပြီလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ရှိ ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။

နတ်မောက်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံဧက (၂၅၉၀၀)လျာထား စိုက်ပျိုးဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ချည်မျှင်ရှည်ဝါသီးနှံဧက (၂၅၉၀၀)လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ ချည်မျှင်ရှည်ဝါသီးနှံ (၁၂၅၄၁)ဧက စိုက်ပျိုးဆောင်ရွက်ပြီးဖြစ်သည်။

စလင်းမြို့နယ် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထည့်သွင်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ရှမ်းစုကျေးရွာအုပ်စု၊ ဝက်သိုက်ကျေးရွာ  ကွင်းအမှတ်၅၆၉၊  ဦးပိုင်အမှတ်  ၃၄၊  တောင်သူ  ဦးသန်းဌေးအောင်၏  လယ်မြေ  ၅.၀၀ ဧကတွင်၊  မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်)သစ်စိမ်းမြေသြဇာ  ထည့်သွင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်၌ ဝါဆိုလအခါသမယတွင် ဘုရားကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ဒါနပြုလုပ်ခြင်းတို့ဖြင့် စည်ကား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုလအခါသမယ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)နှင့် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ ဗုဒ္ဓဘာသာဝင်ပြည်သူများ စိတ်အေးချမ်းသာစွာ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ကုသိုလ်ဒါနပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ နွေစပါး(ရတနာတိုး)စံကွက် ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပုလင်းကြီးကျေးရွာအုပ်စုရှိ တောင်သူ ဦးသန်းထွန်း စိုက်ပျိုးထားသည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး(ရတနာတိုး)စိုက်ခင်း၌  ယမန်နေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံရာသီက စိုက်ပျိုးထားသော နှမ်း ၁၈၉၅၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံရာသီက စိုက်ပျိုးထားသော နှမ်း ၁၈၉၅၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံပြပွဲ အသိပညာပေး စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်(၁)နာရီက မြို့သစ်မြို့နယ် ပေကံကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ စာသင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌ ဓမ္မစကြာအခါတော်နေ့တွင် ဝါဆိုလပြည့်နေ့ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် တန်ခိုးကြီးဘုရားပုထိုးစေတီများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူ ပူဇော်သူ၊ တရားဘာဝနာပွားများကျင့်ကြံအားထုတ်သူ၊ ကုသိုလ်ဒါနပြုလုပ်သူ၊ သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သာသနာတော်နှစ် ၂၅၆၉၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်၊ ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ မကွေးမြို့ပေါ်ရှိ ကျောင်းတိုက်(၉၈)ကျောင်းမှ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် သင်္ကန်းအစုံ(၁၀၆၂)စုံ စုစုပေါင်းတန်ဘိုးငွေကျပ်(၈၄,၁၉၇,၅၀ဝိ/-) သိန်းတို့ကို စုပေါင်း ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး