မကွေးတိုင်းဒေသကြီး

သရက်မြို့၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး စခန်းဖွင့်လှစ်ထားရှိမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အပူဒဏ်ကို တိမ်းရှောင်ရန် လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများကို အပူရှောင်စခန်းများတွင် လာရောက် နားခိုနိုင်ရေး ယနေ့နံနက် ၁၀ နာရီက သရက်မြို့၊ သာသနာ့ဗိမာန်တော်အတွင်း အပူရှောင်စခန်းဖွင့် လှစ်ထားရှိခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးတွင် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မိမိတို့နေအိမ်များ၌ နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကိုတိမ်းရှောင်ရန် လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက်နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် အပူရှောင်စခန်းများဖွင့်လှစ်ထားရှိရာ မကွေးခရိုင်၊ မကွေးမြို့တွင် ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်းအား ယမန်နေ့နံနက် ၁၀နာရီက မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးခင်‌မောင်ညိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများကသွား ရောက်ကြည့်ရှုအားပေးခဲ့သည်။

ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်ကျေးရွာတွင် VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဥယျာဉ်ကျစ်ကျေးရွာ အုပ်စု၊ ရွှေဘိုရွာသစ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများဖွင့်လှစ်ထားရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဧပြီလအတွင်း အပူချိန်မြင့်တက်လာသည့်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာရှိ ဒေသခံပြည်သူများ မိမိတို့နေအိမ်များ၌ နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကိုတိမ်းရှောင်ရန် လိုအပ်မည့်သူများ၊ သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက် နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းများကို ဧပြီလ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကာ ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ဖွင့်လှစ်ထားရှိခဲ့သည်။

သရက်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်

ကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၌ အသက် (၁၀)နှစ်မှ (၁၈)နှစ်ကြား၊

တောင်တွင်းကြီးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး (တည်ဆောက်ရေး-၃)၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဘူးအားအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး (တည်ဆောက်ရေး -၃) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ အပူရှောင်စခန်း၌ အပူဒဏ်ရှောင်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရဒါနများ ထောက်ပံ့လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် အပူရှိန်ပြင်းထန်မှုကြောင့် ပြည်သူများ အန္တရာယ်ကင်းစွာ အနားယူနိုင်ရန် ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်း၌ ယမန်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အလှူရှင်များမှ အာဟာရဒါနများ ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။

အောင်လံမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် နွေရာသီကာလအတွင်း ကျရောက်လာနိုင်သည့် အပူဒဏ်အန္တရာယ်များမှ ပြည်သူများ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ အသိပညာပေး လှုံ့ဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးနှင့် အများပြည်သူသွားလာရာနေရာများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

စလင်းမြို့နယ်တွင်​​ နွေစပါး (၅၄၆) ဧကစိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံစေရေးအတွက် ၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မဲဇလီဆည်ရေနှင့် စလင်းရေလှောင်တမံရေဖြင့် နွေစပါး ၅၄၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အပူရှောင်စခန်း ကြိုတင်ပြင်ဆင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ထိခိုက်လွယ်(သက်ကြီးဘိုးဘွားများ)၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်၊ ကလေးသူငယ်များ အပူရှောင်နားခိုနေထိုင်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၌ မြို့နယ်အပူရှောင်စခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး