မကွေးတိုင်းဒေသကြီး

ပေါက်မြို့နယ်၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်း ဖွင့်လှစ်ထားရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ ယခုရက်ပိုင်း အပူချိန်မြင့်မားလာသည့်အတွက် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မိမိတို့နေအိမ်များ၌ နေထိုင်ရန် ခက်ခဲပြီး အပူဒဏ်ကို တိမ်းရှောင်ရန်လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းတွင် လာရောက်နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းကို ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

စလင်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက် အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပေါင်းနားရပ်ကွက်အတွင်းရှိ အသက် (၁၀) နှစ်နှင့် (၁၈)​ နှစ်ကြားရှိသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းကို ပေါင်းနားရပ်ကွက် မင်းအာကာဘုရားတန်ဆောင်းအတွင်း၌ ဧပြီလ ၆ ရက် နံနက် ၈နာရီအချိန်မှ စတင်ကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် AI အသုံးချ နည်းပညာသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် AI အသုံးချ နည်းပညာသင်တန်းကို ယမန်နေ့နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့သည်။

နတ်မောက်မြို့၌ အသက် (၁၀) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ရရှိစေရန်အတွက် ရက် (၁၀၀) စီမံချက်ဖြင့် အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ခြင်းမရှိသေးသူများအား ယမန်နေ့နံနက်ပိုင်းက လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးရှိ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တမာပင်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဖျော်ဖြေနိုင်ရေး ယိမ်းအဖွဲ့များအလိုက် ကြိုတင်လေ့ကျင့်ဆောင်ရွက်

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဟာသင်္ကြန်ပွဲတော်အတွင်း ပါဝင်ဖျော်ဖြေနိုင်ရေး ဌာနဆိုင်ရာအလိုက်၊ ကျောင်းအလိုက်ယိမ်းအဖွဲ့များက  ကြိုတင်လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ရေနံချောင်းမြို့နယ် အပူရှောင်စခန်း၌ ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် အာဟာရဒါနကျွေးမွေးကုသိုလ်ပြု ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက် သာသနာ့မဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားသည့် အပူရှောင်စခန်းတွင် လာရောက်နားခိုသည့် အဘိုးအဘွားများနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် အာဟာရဒါနကျွေးမွေးကုသိုလ်ပြုဆောင်ရွက်နေမှုများကို ယမန်နေ့က ချောက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည်ရှုအားပေးသည်။

ငဖဲမြို့နယ် ဇီးတောကျေးရွာတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဇီးတောကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်သည်။

ဆိပ်ဖြူမြို့နယ်၌ နွေရာသီအခမဲ့ပန်းချီသင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နွေရာသီအခမဲ့ပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ ၆ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီ ၆ ရက်၊ နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကံမမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင်လည်း ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။
Subscribe to မကွေးတိုင်းဒေသကြီး