မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ်တွင် မျိုးကောင်းမျိုးသန့် မျိုးစေ့များအသုံးပြုခြင်းဖြင့် အထွက်နှုန်းပိုမိုထွက်ရှိနိုင်ရေး ခေါင်နှံမျိုးသန့် ရွေးချယ်ခြင်းပြုလုပ် 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများနှင့်ပူးပေါင်းကာ မျိုးကောင်းမျိုးသန့် မျိုးစေ့များအသုံးပြုခြင်းဖြင့် အထွက်နှုန်းပိုမိုထွက်ရှိနိုင်ရေး ခေါင်နှံမျိုးသန့်ရွေးချယ်ခြင်းကို ယမန်နေ့က ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာ ၊ ပ/ဂွေးချိုကျေးရွာနှင့် အင်းကုန်းကျေးရွာများတွင် ပြုလုပ်ခဲ့ကြသည်။

နတ်မောက်မြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ယမန်နေ့  နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု၊ သက်သာပန်းတောင်းကျေးရွာအနီး မြန်မာ့မီးရထားပိုင်မြေကွက်လပ်၌ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကိုပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ချောက်ခရိုင်၊ ချောက်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် သင်္ဘောဆိပ်ကျေးရွာတွင် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ကျင်းပရာ မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များမှ တာဝန်ရှိသူများ၊ ပူးပေါင်းပါဝင်လေ့ကျင့်သည့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် (၂၁)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၂၁)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ၁ နာရီအချိန်က အမှတ် (၃) ရပ်ကွက်အတွင်းရှိ ကျောက်မှော်ကျောင်းတိုက်၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် ပခုက္ကူမြို့၌ ဝါဆိုသင်္ကန်းကပ်လှူသူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကား

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဌာနဆိုင်ရာများအလိုက် ဝါဆိုသင်္ကန်းကပ်လှူသူများ၊ ရှေးဟောင်း သမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ကောင်းမှုကုသိုလ်ပြုလုပ်သည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ငဖဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲ ၄၆၉ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ မိုးမြေပဲ ၆၇၇ ဧက  စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၄၆၉ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး