ကံမ ဧပြီ ၆
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင်လည်း ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။
ကံမမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို မြို့လယ်လူစည်ကားရာ လမ်းဆုံနေရာ၌ ဆောက်လုပ်လျက်ရှိပြီး တေးဂီတ အဆိုအကများ၊ ယိမ်းအကအဖွဲ့များဖြင့် လမ်းလျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရေကစားမဏ္ဍပ်များအပါအဝင် ရေမပြတ်အောင် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ယိမ်းအဖွဲ့များက ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်ထားရှိသည့်အပြင် နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများနှင့် စတုဒီသာ ကျွေးမွေးဧည့်ခံခြင်းများကို စီစဉ်ဆောင်ရွက်ထားရှိကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီထံက သိရသည်။
ကျော်ဇေယျဝင်း(ကံမ)