ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်၌ သီတင်းကျွတ်မီးထွန်းပွဲနှင့် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ သီတင်းကျွတ်မီးထွန်းပွဲနှင့် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကို အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အထိမ်းအမှတ် နှလုံးနှင့် သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ပြုလုပ်

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံနှလုံးရောဂါပညာရှင်များအဖွဲ့ (Myanmar Cardiac Society) မှ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)အထိမ်းအမှတ် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ကျောက်တံခါးမြို့နယ် ကန်သာယာငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကန်သာယာ ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ခင်တန်းကြီးကျန်းမာရေးဌာနမှ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ခင်တန်းကြီးကျန်းမာရေးဌာနမှ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျီးမနိုးကျေးရွာ အ.လ.ကနှင့် သပြေလှကျေးရွာ မူလတန်းလွန်ကျောင်းများတွင် ထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်ပေးခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ကျွဲခြံအင်းအုပ်စု BILLION BAY CO.Ltd အထည်ချုပ်စက်ရုံ၌ စက်ရုံအလုပ်သမား မဲဆန္ဒရှင်ပြည်သူ ၅၀၀ ဦးအား အသိပညာပေးဆွေးနွေးခဲ့သည်။

သဲကုန်းမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်မြို့ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပြည်သူများ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ ယနေ့နံနက် ၈နာရီက သဲကုန်းမြို့နယ်၊ ပုတီးကုန်းတိုက်နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါ ဝေဒနာခံစားနေရသော ပြည်သူများအား (အခမဲ့) ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ဆင်များထိန်းသိမ်းစောင့်ရှောက်ခြင်း (ဆင်အုပ်/ဆင်ခေါင်း) မွမ်းမံသင်တန်းအမှတ်စဉ် (၃၀) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ဆင်များထိန်းသိမ်းစောင့်ရှောက်ခြင်း (ဆင်အုပ်/ဆင်ခေါင်း) မွမ်းမံသင်တန်းအမှတ်စဉ် (၃၀) သင်တန်းဆင်းပွဲအခမ်းအနားကို လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၁) နန်ချွန်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

ဇီးကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု တောင်ကျရေစီးဝင်မှုကြောင့် နေအိမ်နှင့်ခြံဝန်းများအတွင်း ရေများဝင်ရောက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းဘူးချောင်းရေလျှံတက်ခဲ့ပြီး ချောင်းတစ်လျှောက်ရှိ အမှတ်(၁)ရပ်ကွက်တွင် အိမ်ခြေ (၉၈)အိမ်၊ အမှတ်(၂)ရပ်ကွက်တွင် အိမ်ခြေ(၉၁)အိမ်၊ အမှတ်(၃)ရပ်ကွက်တွင် အိမ်ခြေ(၁၄၅)အိမ်၊ သရက်တပင်ကျေးရွာအုပ်စုတွင် အိမ်ခြေ(၁၄၅)အိမ်၏ အိမ်များအတွင်း (၂)ပေခန့် ရေဝင်ရောက်လျက်ရှိပြီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၂၈/ဝ)မိုင်နှင့် (၁၂၈/၂)မိုင်ကြား ကားလမ်းမအပေါ် ရေ(၁)လက်မခန့် ဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။

ပေါင်းတည်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT) ထိုးနှံပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT)ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၄ ရက်က ဘုန်းတော်ကြီးသင် မူလတန်းကျောင်း ၂ ကျောင်းအပါအဝင် အခြေခံပညာမူလတန်း‌‌၊ အလယ်တန်းနှင့် မူလွန်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

လက်ပံတန်း၌ သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့ကြက်ညှာကာကွယ်ဆေးများ ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကလေးငယ်များ သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့ကြက်ညှာကာကွယ်ဆေးများထိုးနှံခြင်းကို စက်တင်ဘာ ၂၄ ရက်နေ့နံနက် ၁၀ နာရီက အထက(၃)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး