ပဲခူးတိုင်းဒေသကြီး

အုတ်ဖိုမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက်က အ.ထ.က အိုးသည်ကုန်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်အားကစားခန်းမတွင် ၂၀၂၅ ခုနှစ်၊ အသက်(၂၅)နှစ် အောက်(၂၈)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြို့နယ်ပေါင်းစုံအမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ် အ.မ.က(အုန်းရင်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား အ.မ.က(အုန်းရင်း)ကျောင်း၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်၌ ကန်(၁၀၀)ငါးကုန်ထုတ် သမဝါယမအသင်းလုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းပိုင်ငါးမွေးကန်များ စွမ်းအားပြည့်မွေးမြူနိုင်ရေးနှင့် အသင်းပိုင်ငါးကန်မှထုတ်လုပ်သောငါးများဖြင့် ဒေသတွင်းငါးစားသုံးမှုကို အထောက်အကူပြုနိုင်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဒေါ်ချောစုလှိုင်နှင့်တာ ဝန်ရှိသူများသည် လက်ပံတန်းမြို့နယ် ကန်(၁၀၀)ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးသမဝါယမအသင်းသို့ ယမန်နေ့ နံနက်ပိုင်းကရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးကာ အသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

နည်းပညာတက္ကသိုလ်(ပြည်)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ နည်းပညာတက္ကသိုလ်(ပြည်)၌ ဩဂုတ် ၁၆ ရက်နေ့က စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပရာ အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ကြသည်။

ပြည်တက္ကသိုလ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ ဩဂုတ်လ ၁၆ ရက်နေ့က ပြည်မြို့နယ်၏   ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း(Grade-12)အောင်ချက်မြင့်မားရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ‌ဆောင်ရွက်ရာ ပြည်တက္ကသိုလ်မှပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့်ပါမောက္ခ (ဌာနမှူး)များ၊ အခြေခံပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ(ပြည်)ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ဆရာမများတက်ရောက်ကြသည်။

ပေါင်းတည်၌ အခြေခံပညာအထက်တန်းကျောင်းဆောင်သစ်ဆောက်လုပ်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့် အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်)အတွက် အာရ်စီ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးလျက်ရှိသည်။

သာယာဝတီမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရာနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာ​​ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ကျင်းပခဲ့ကြသည်။

ကြို့ပင်ကောက်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ဆာဖိုးသာစပါးစိုက်ခင်းသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျွန်းကုန်းကြီးကျေးရွာအုပ်စုတွင် ကျေးရွာစိုက်ပျိုးရေးအသင်းသားတောင်သူ ဦးအုန်းသော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများသို့ ဩဂုတ်လ ၁၅ ရက်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် စာသင်ကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး