ကျောက်တံခါးမြို့နယ် ကန်သာယာငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ကျောက်တံခါး စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကန်သာယာ ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အသင်းဥက္ကဋ္ဌ (သဘာပတိ) ဦးမောင်ငွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေယုဝါလှိုင်က အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကန်သာယာ ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေး သမဝါယမအသင်းလီမိတက်၏ ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာနှင့် နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းများကို တက်ရောက်လာကြသည့် အသင်းဝင်များမှ အတည်ပြုချက် ရယူခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)