ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာရှိ အောင်နိုင်တိုးစပါးစံပြစိုက်ကွက်သို့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းသားများ လေ့လာရေးခရီးလာရောက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ (၁၀) မိုင်သင်တန်းကျောင်း၌ ဖွင့်လှစ်သော တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ် (၂ / ၂၀၂၅) တွင် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ တောင်သူ (၄၀) ဦးသည် စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၄၀ c/e) ၌ စိုက်ပျိုးထားရှိသော အောင်နိုင်တိုးစပါးအကွက်ကျယ်စံပြကွက်၊ ခေါင်နှံနှင့် မျိုးပွားခြင်းစိုက်ကွက်၊ High Yield Potential စံပြကွက်များသို့ လေ့လာရေးခရီးလာရောက်ခဲ့ကြသည်။

ပေါင်းတည်၌ အောင်နိုင်တိုးစပါးများ အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မိုးရာသီစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်း မျိုးသန့် အထွက်ကောင်း ရက် ၁၂၀ အောင်နိုင်တိုးစပါးများကို မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် စိုက်ပျိုးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူများပူးပေါင်းကာ အစေ့ချကိရိယာ(Drum Seeder)များဖြင့်လည်းကောင်း၊ ကောက်စိုက်စက်များဖြင့်လည်းကောင်း မြို့နယ်အတွင်း သုံးသီးစိုက် စိုက်ပျိုးမြေဧရိယာများတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ (၁၉) ကြိမ်မြောက် ‌ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ကွင်းဆင်းဆေးထိုးနှံမှုလှုပ်ရှားဆောင်ရွက်

ခွေးရူးရောဂါကင်းစင်ရေး မနှေးအမြန် လက်တွဲပေးဟူသော စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ဆောင်ပုဒ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာ‌စောင်များ ဖြန့်‌ဝေခြင်းများနှင့် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ‌ပေးခြင်းများကို ကွင်းဆင်းလှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြော

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၆ ရက်နေ့ နေ့လယ် (၁) နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က (ခွဲ) သရက်တောကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ချောင်းခြားကျေးရွာနှင့် ချောင်းကျိုးကျေးရွာတို့ရှိ ခမရဝါစိုက်ခင်းအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ငခူအိုင်ကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာနှင့် ဂွေးပင်ခုန်ကျေးရွာအုပ်စု၊ ချောင်းကျိုးကျေးရွာတို့ရှိ ခမရဝါ KK3 ကြဲခင်များအား စက်တင်ဘာလ(၂၄)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ မြစ်မခသဘာဝ‌ရေပြင်အတွင်း ငါးမျိုးကောင်ရေ(၁၃၀၀၀၀)‌ စိုက်ထည့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်၊ ငါးသယံဇာတများ‌ ပေါကြွယ်ဝစေရန်နှင့် ငါးရိက္ခာဖူလုံ‌စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ထန်းပင်ကုန်းကျေးရွာအုပ်စု၊ မြစ်မခမြစ်သဘာဝ‌ရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း ပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ မြန်မာ့အားကစားတိုးတက်ရေးအတွက် ရည်ရွယ်၍ စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပ

၂၀၂၅ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖြူးမြို့မရဲစခန်းမှကြီးမှူး၍  မြန်မာ့အားကစား တိုးတက်ရေးအတွက်ရည်ရွယ်၍ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီအချိန်က စည်ပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ‌ ဆွေးနွေးမှာကြားခြင်းနှင့် မဲစာရင်းများ ကပ်ထားကြေညာရန်အတွက် ပုံစံစာရွက်များ၊ ပစ္စည်းများထုတ်ပေးခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးမှာကြားခြင်းနှင့် မဲစာရင်းများကပ်ထား ကြေညာရန်အတွက် ပုံစံစာရွက်များ၊ ပစ္စည်းများထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား သွားရောက်ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးမျိုးဆွေဝင်းသည် ယနေ့နေ့လယ်ပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ရင်ပြင်တော်ပေါ်၌ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများ၏ ကောင်းမှုဖြင့် နေပူခံစကျင်ကျောက်ပြားကပ်လှူခြင်း၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်း သာစွာဘုရားဖူးမြော်နိုင်ရေး ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံများပြန်လည်ပြင်ဆင်နေမှုနှင့် ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

မိုးညိုမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းနှင့် ဆက်စပ်ပုံစံများဖြန့်ဝေခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းနှင့် ဆက်စပ်ပုံစံများဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး