သာယာဝတီ စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်ပေးခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ကျွဲခြံအင်းအုပ်စု BILLION BAY CO.Ltd အထည်ချုပ်စက်ရုံ၌ စက်ရုံအလုပ်သမား မဲဆန္ဒရှင်ပြည်သူ ၅၀၀ ဦးအား အသိပညာပေးဆွေးနွေးခဲ့သည်။
အခမ်းအနားတွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သုံးဆယ်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဖြိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ သိမှတ်ဖွယ်ရာ အကြောင်းများနှင့် အသုံးပြုပုံ/ အသုံးပြုနည်အကြောင်းကို ရှင်းလင်းဆွေးနွေးကာ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)