ရေတာရှည်မြို့နယ်၌ ဆင်များထိန်းသိမ်းစောင့်ရှောက်ခြင်း (ဆင်အုပ်/ဆင်ခေါင်း) မွမ်းမံသင်တန်းအမှတ်စဉ် (၃၀) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရေတာရှည် စက်တင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ဆင်များထိန်းသိမ်းစောင့်ရှောက်ခြင်း (ဆင်အုပ်/ဆင်ခေါင်း) မွမ်းမံသင်တန်းအမှတ်စဉ် (၃၀) သင်တန်းဆင်းပွဲအခမ်းအနားကို လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၁) နန်ချွန်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သစ်ထုတ်ရေးဌာန ဒုတိယအထွေထွေမန်နေဂျာ ဉီးသတိုးလှမှ အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်ရခြင်း၏ရည်ရွယ်ချက်မှာ ဆင်များသေဆုံးမှုမရှိစေရန်နှင့် ဆင်မွေးဖွားနှုန်းတိုးတက်စေရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းသားများသည် တောထဲ၌ တာဝန်ထမ်းဆောင်ရသည့်အတွက် လုံခြုံရေးအသိ သတိနှင့်နေရန် သင်တန်းဆင်းသည့်အခါတွင် သင်တန်းမှပို့ချသည့် နည်းစနစ်များကို လက်တွေ့အသုံးချပြီးလုပ်ကိုင်သွားရန် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောသစ်ထုတ်ဌာနများမှ အကြီးအကဲများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့်ပညာရှင်များက ဘာသာရပ် (၁၈) ခုဖြင့် သင်တန်းသား (၂၅) ဦးအား ပို့ချပေးခဲ့သည်။

သင်တန်းကာလမှာ (၃) ပတ်ကြာပို့ချခဲ့ပြီး ယင်းသင်တန်းတွင် စာပေထူးချွန်ဆုနှင့် စည်းကမ်းအကောင်းဆုံးဆုများကို သက်ဆိုင်ရာဌာနအကြီးအကဲများမှ ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)