ခင်တန်းကြီးကျန်းမာရေးဌာနမှ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းများ ဆောင်ရွက်

ဖြူး စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ခင်တန်းကြီးကျန်းမာရေးဌာနမှ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျီးမနိုးကျေးရွာ အ.လ.ကနှင့် သပြေလှကျေးရွာ မူလတန်းလွန်ကျောင်းများတွင် ထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံရာတွင် ခင်တန်းကြီးကျန်းမာရေးဌာန၊ ကျန်းမာရေးမှူး ဒေါ်ဖြူဖြူခိုင်နှင့် ဆရာမများသည် အသက်(၅)နှစ်မှ (၇)နှစ်အထိ ကျောင်းသား/သူကလေးများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)၊ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ ကျောင်းသူကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခဲ့ကြောင်းနှင့် ခင်တန်းကြီးကျန်းမာရေးဌာနခွဲအပိုင်း အခြေခံကျောင်းပေါင်း (၁၄)ကျောင်းအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်း၊ သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာ‌ပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)