ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် မျိုးစပါးစိုက်ခင်းမြေဩဇာကြဲပတ်ခြင်းနှင့် မျိုးစေ့သန့်စင်ရေးစက်ရုံတို့ကို ကြည့်ရှုအားပေး
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးအောင်နိုင်တိုးစိုက်ခင်းတွင် ဓာတ်မြေဩဇာကြဲပတ်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။