ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် မျိုးစပါးစိုက်ခင်းမြေဩဇာကြဲပတ်ခြင်းနှင့် မျိုးစေ့သန့်စင်ရေးစက်ရုံတို့ကို ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးအောင်နိုင်တိုးစိုက်ခင်းတွင် ဓာတ်မြေဩဇာကြဲပတ်ခြင်းအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာတိုက်ဖျက်ရေးအသိပညာပေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးစိတ်(၃)၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ရေတာရှည်မြို့နယ် မြို့လှမြို့တိုက်နယ်ဆေးရုံသို့ တောင်ငူပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကျန်းမာရေးစောင့်ရှောက်မှုကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှတိုက်နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ဦးဆောင်မှုဖြင့် တောင်ငူပြည်သူ့ဆေးရုံကြီးမှအထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ရဟန်းရှင်လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းကုသပေးခဲ့ကြသည်။

နတ်တလင်းမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်‌မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌နှစ်၊ တိုင်းဒေသကြီး (ငွေလုံး ငွေရင်း)ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်‌နေမှုကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က(ခွဲ) သရက်တောကျောင်းတွင်  ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းကျင်းပသော "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန "Community Centre" ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်တွင် မြေပြင်ကွင်းဆင်း တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးထားရှိသည့် ကျေးရွာအုပ်စုများသို့ မြေပြင်ကွင်းဆင်း၍ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့၌ မိုးစပါးစိုက်ခင်းများတွင် စုပေါင်းဓါတ်မြေဩဇာကြဲပက်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ အောင်ပင်သာကျေးရွာအုပ်စု၊ ကျွဲဘိကျေးရွာမှ တောင်သူဦးထွန်းမြင့်၏အောင်နိုင်တိုးမိုးစပါး လယ်ဧက ၁၀ တွင် စုပေါင်းမြေဩဇာကြဲပက်ပွဲကို ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။   

တောင်ငူမြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်​​ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ တောင်ငူမြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို သြဂုတ် ၂၄ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၅၃၅) သိန်း ထုတ်ချေးပေးလျက်ရှိ

ပဲခူးဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တောင်သူလယ်သမားများ အထွက်နှုန်းကောင်းမွန်စေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရေးတို့အတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း (၅၃၅) သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယမန်နေ့ နံနက်ပိုင်းက ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး