ကြို့ပင်ကောက် အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် (၇၈) ကြိမ်မြာက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအား မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် အောက်တိုဘာ ၇ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို အရှေ့ဘက်မဟာလောကသီရိဘုရားကြီးမှ မြို့မဈေးအား လက်ယာရစ်ပတ်၍ ကျင်းပရာ အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ အပါအဝင် ဝါဆိုသံဃာ (၂၁၄)ပါး၊ သီလရှင်(၁၄၇)ပါး၊ စာသင်တိုက်ကြီးများမှ ဝါဆိုသံဃာ(၁၅၉)ပါး၊ စုစုပေါင်းဘုရားအပါအဝင် (၅၂၂)ပါးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အု ပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အလှူရှင်များမှ ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းတန်ဖိုး ငွေကျပ် ၁၂၀၃၅၀၀၀ ၊ ငွေကျပ် ၁၄၂၅၄၅၀၀ စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၆၂၈၉၅၀၀ ကို ဗဟိုမဏ္ဍပ်နှင့် မဏ္ဍပ်ပါင်း ၃၂ ခုတို့ဖြင့် လောင်းလှူခဲ့ကြကြာင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)