ရွှေကျင်မြို့နယ်တွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်၌ ကောင်းမှုပြုသူများဖြင့် စည်ကား

ရွှေကျင်  အောက်တိုဘာ  ၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်တွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ၆ရက် ညနေ၄နာရီတွင် ရွှေကျင် မြို့နယ်လုံးဆိုင်ရာ မဟာပဝါရဏာပြုပွဲကို ပျဉ်းမပင်ရပ်ကွက်အတွင်းရှိ လေးထပ်ဘုန်းတော်ကြီး ကျောင်းတွင် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်အပါး(၉၀)အား မဟာပဝါရဏာပြုပွဲတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက သိမ်ဆင်းလောင်းလှူကြ သည်။ ဆက်လက်ပြီး ညနေ (၆)နာရီမှစ၍ သမိုင်းဝင် အ‌ရှေ့မဟာဗုဒ္ဓဘုရားကြီးတွင် ဒေသခံပြည်သူများက ဆီမီး ၁၀၀၀ ဆပ်ကပ်ပူဇော်လှူဒါန်းကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)