တောင်ငူမြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်း စိုက်ပျိုးထားမှု အခြေအနေအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်သည့် အသင်းသားများ၏ အောင်နိုင်တိုးမျိုးစပါးစိုက်ခင်းများတွင် သွင်းအားစုများထည့်သွင်းနေမှုကို သြဂုတ် ၂၄ ရက်နေ့ နံနက်ပိုင်းက ပဲချက်ကုန်းကျေးရွာ၊ တောင်သူ ဦးညွန့်အောင်၏ စိုက်ခင်း၌ ကွင်းဆင်းကြီးကြပ်ကြည့်ရှုခြင်း ဆောင်ရွက်သည်။