သာယာဝတီမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် မဲစာရင်းများ ကြေငြာထားရှိမှုအခြေအနေများအား ကြည့်ရှု

သာယာဝတီ အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် မဲစာရင်းများကြေငြာထားရှိမှု အခြေအနေများကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက သာဟာဝတီမြို့၊ စျေးလမ်းရှိ သမ္မာဆန္ဒဓမ္မာရုံတွင် မဲစာရင်းကပ်ထားကြေငြာထားရှိမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်မှ ကြည့်ရှုစစ်ဆေးခဲ့သည်။

 အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မာင်ထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ခံအရာရှိများက သမ္မာဆန္ဒဓမ္မာရုံတွင် မဲစာရင်းများ ကြေငြာထားရှိမှုအခြေအနေများနှင့် ပြည်သူများမှ မဲစာရင်းများကြည့်ရှုနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်မှ မဲစာရင်းတွင် မပါဝင်သေးသူများ ပါဝင်စေရေးနှင့် အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)