ထန်းတပင်(ပဲခူး) အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့ မဟာပဝါရဏာသိမ်ဆင်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မဟာဝိသုတာ ရာမကျောင်းကြီးတိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလောင်းလှူပွဲသို့ မြို့ပေါ်ကျောင်းတိုက်အသီးသီးနှင့် ပတ်ဝန်းကျင်ကျေးရွာကျောင်းတိုက်များ၌ ဝါဆိုဝါကပ်ကြသော သံဃာတော် (၁၅၀) ပါးတို့အား သိမ်အတွင်း သိက္ခာတော် ဝါတော်အကြီးဆုံးဖြစ်သော ဆရာတော်ကြီးထံ ပဝါရဏာပြုကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များအားဒါယကာ ဒါယိကာမများဖြစ်ကြသော မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ရပ်ကွက်နေပြည်သူများ ရပ်ဝေးရပ်နီးအလှူရှင်များက ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)