ပဲခူးတိုင်းဒေသကြီး

ကျောင်းသား၊ ကျောင်းသူများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် မြို့မရဲစခန်း၊ ဥပဒေရုံးနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်​​ရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန် သြဂုတ်လ ၂၇ ရက်၊ နံနက် ၁၀ နာရီအချိန်က အ.လ.က(ခွဲ)တပ်တွင်းကျောင်းတွင်အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ရွှေတောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ် အမှတ် (၁၄) ခြေမြန်တပ်ရင်း၌ကျင်းပသည်။

ပေါက်ခေါင်းမြို့နယ်၌ မြေနီလမ်း ၂ လမ်းအား ကျောက်ချောလမ်းများအဖြစ် ပြင်ဆင်ဖောက်လုပ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နေပြည်သူများသွားလာရေးလွယ်ကူစေရန်အတွက် မြို့နယ်အားကစားကွင်း၏အရှေ့လမ်းပိုင်းနှင့် အနောက်လမ်းပိုင်းအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကျောက်ချောလမ်းအဖြစ် ပြင်ဆင်ဖောက်လုပ်လျက်ရှိကြောင်းသိရသည်။

ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဆုံစည်းရာစာဖတ်ဝိုင်းကျင်းပ

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုံစည်းရာ Book Club အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

သဲကုန်းမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးဗီဒီယိုများပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း သဲကုန်း၏ သာဓုခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် ကျေးရွာအုပ်စု (၃၀) အုပ်စု၊ တောင်သူ (၂၈၁၅) ဦး၊ ဧကပေါင်း (၁၁၉၅၀) ဧကအတွက် ချေးငွေသိန်းပေါင်း ၁ သောင်း ၇ ထောင့် ၉ရာ၂၅ သိန်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

‎ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်‌သော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

ပန်းတောင်းမြို့နယ်၌ ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်နှင့်ဝန်ထမ်းများက ငှက်ဖျားပိုးတွေ့ရှိမှုရှိနေသောကျေးရွာများသို့ကွင်းဆင်း၍ ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရေကျော်ကျေးရွာအုပ်စု၊ ရောင်ကြီးကျေးရွာနှင့် လယ်တီကျေးရွာများသို့ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းရင်းငါးမျိုးဖြစ်သည့် ငါးခူဆေးထိုးသားဖောက်ခြင်းနှင့် ရေငန်ပုစွန်မွေးမြူခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ တိုင်းရင်းငါးမျိုးငါးခူဆေးထိုးသားဖောက်ခြင်းနှင့် ပတ်ဝန်းကျင်သဟဇာတဖြစ်သည့် ရေငန်ပုစွန်မွေးမြူခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး