မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်၌ လေပြင်းဘေးနှင့်မိုးကြိုး‌ဘေး အန္တရာယ်ဆိုင်ရာအသိပညာ‌ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လေပြင်းဘေးနှင့် မိုးကြိုး‌ဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာခြင်းနှင့် လက် ကမ်းစာစောင်များဖြန့်ဝေခြင်းကို မေ ၂၀ ရက် နံနက် ၁၀ နာရီက ရွှေသူဌေးရပ်ကွက်နှင့် ဘူတာရပ်ကွက်တို့တွင်ဆောင်ရွက်သည်။

တံတားဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်နှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ ယာယီမြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့တွင် ၂၀၂၆ -၂၀၂၇  ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၂) မန္တလေး - လားရှိုးလမ်းဘေးရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်းရှေ့၌ ကျင်းပသည်။

မလှိုင်မြို့၌ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး အသိပေးဆိုင်းဘုတ်စိုက်ထူ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေ အရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၇ နာရီ မိနစ် ၃၀ အချိန်က အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(မလှိုင်)ကျောင်းရှေ့၌ ကျင်းပသည်။

သာစည်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုးဒယားကြိုးများဖြင့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို မေ ၂၀ ရက် နံနက် ၈ နာရီခွဲက ကျင်းပသည်။

အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ မီးဘေးကာကွယ်ရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် အောင်မြေသာစံမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရက်(၁၀၀)စီမံချက်ဖြင့်ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ၊ စားသောက်ဆိုင်များ၊ စက်ရုံအလုပ်ရုံများ၊ ဌာနဆိုင်ရာရုံး‌အဆောက်အအုံများ၌ ပွင့်လင်းရာသီ မီးဘေးအန္တရာယ်ကို အချိန်နှင့်တစ်

မန္တလေးတိုင်းဒေသကြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ကျောက်ဆည်မြို့ရှိ ပျိုးဥယျာဉ်များကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်သည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများရှိ ပျိုးဥယျာဉ်တို့ကို ကြည့်ရှုစစ်ဆေးသည် ။

အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အထိမ်းအမှတ် လူသားမျိုးနွယ်ကိုယ်စားပြု မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မြန်မာ့လက်ဖက်နှင့်ထမနဲပြပွဲပြုလုပ်    

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်၊ လမ်း ၈၀း၊ ၂၄-၂၅လမ်းကြားရှိ  မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက်ရှိ စာကြည့်တိုက်တွင် မေ ၁၈ ရက်က အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အား ဂုဏ်ပြုသောအားဖြင့် လူသားမျိုးနွယ်ကိုယ်စားပြု မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြန်မာ့လက်ဖက်နှင့် ထမနဲပြပွဲ ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ရက်(၁၀၀)အတွင်းဆောင်ရွက်မှုအဖြစ် ပျားမွေးမြူရေး အသိပညာပေး သင်တန်းဖွင့်လှစ် ပျားအိမ်အမျိုးအစားအလိုက် ကုန်ကျစရိတ်နှင့် အားနည်းချက် အားသာချက်များ ချပြရှင်းလင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပျားမွေးမြူရေးဌာနခွဲ၊ မြို့နယ်တာဝန်ခံရုံးမှ ဦးစီး၍ အစိုးရသစ် ရက်(၁၀၀)အတွင်း ဆောင်ရွက်မှုအဖြစ် ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းနှင့် ပျားအိမ် အမျိုးအစားအလိုက် ကုန်ကျစရိတ်နှင့် အားနည်းချက်/အားသာချက်များ ချပြရှင်းလင်းခြင်းကို၊ မေ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက လယ်ယားတောင်ကျေးရာအုပ်စုရှိ ရေထွက်ကျေးရွာ၊ ရွယ်လယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

မိတ္ထီလာခရိုင်၌ (၄)နှစ်စာ ဘဏ္ဍာရေးနှစ်အလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲရေးလုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂ဝ၂၆-၂ဝ၂၇ဘဏ္ဍာရေးနှစ်မှ စတင်ပြီး (၄)နှစ်စာ နှစ်အလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး