တံတားဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

တံတားဦး မေ ၂၁

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်နှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ ယာယီမြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက အမှာစကား ပြောကြားပြီး တံတားဦးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်မြင့်ဦးက အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်ခြင်းကို အကျယ်တဝင့်ရှင်းပြောကြားပြီး ကျန်းမာရေး ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်ခြင်းကို ဆောင်ရွက်ပေးကြပြီး လိုအပ်သည်မျာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)