မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ်တွင် အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေးကျောင်းသို့ တက်ရောက်နိုင်ရေး Grade – 9 ကျောင်းသား/သူများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ဖွင့်လှစ်ထားသော အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ တက်ရောက်နိုင်ရေး Grade – 9 ကျောင်းသား/သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့နယ် တောင်ဘီလူ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီက တံတားဦးမြို့  မြို့အဝင်ဆိုင်းဘုတ်အနီး ကျင်းပကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတများ ပြည့်စုံစေရန် ယမန်နေ့ မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို မေ ၂၂ ရက် နံနက် ၇ နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့ စမ်းသပ်စစ်ဆေး၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ပုသိမ်ကြီးမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊မြို့မအုပ်စု၊ အောင်မင်္ဂလာ (၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (အထက-ပုသိမ်ကြီး) တွင် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် "နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း၊ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ ခရိုင်ပညာရေးမှူး ဦးသိန်းဒန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ခိုင်ကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်၊ ကျောင်းအုပ်ကြီး ဦးမျိုးဇော်ခိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ကြသည်။

ပျော်ဘွယ်မြို့နယ်ရှိ ဌာနဆိုင်ရာရုံးများ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းကို မေလ ၂၂ ရက်၊ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ (၁) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း ပုသိမ်ကြီးရှိ  အောင်ဇမ္ဗူခန်းမဆောင်၌ ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မေ ၂၂ ရက်၊ နံနက် ၉ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ “၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယနေ့နံနက် ၇နာရီခွဲ အချိန်က “၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ ကျောင်းကျန်းမာရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ခြင်မှတဆင့် ကူးဆက်နိုင်သည့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန် ကျောင်းကျန်းမာရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး