မိတ္ထီလာမြို့၌ ကျောင်းအပ်နှံရေးနေ့ လှုံ့ဆော်ရေးပိုစတာစိုက်ထူ
မိတ္ထီလာမြို့၌ ကျောင်းအပ်နှံရေးနေ့လှုံ့ဆော်ရေးပိုစတာ စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အထက(၁) ပညာရေးစုံညီခန်းမရှေ့ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။