မန္တလေး မေ ၂၁
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် အောင်မြေသာစံမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရက်(၁၀၀)စီမံချက်ဖြင့်ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ၊ စားသောက်ဆိုင်များ၊ စက်ရုံအလုပ်ရုံများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများ၌ ပွင့်လင်းရာသီ မီးဘေးအန္တရာယ်ကို အချိန်နှင့်တစ်ပြေးညီတုန့်ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မေ ၁၈ ရက်က ကွင်းဆင်းစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများကို ဆောင်ရွက်သည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်မီးသတ်တပ်ဖွဲ့၀င်များက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာပေဗိမာန်စာကြည့်တိုက်၊ စာအုပ်အရောင်းဆိုင်တို့မှ တာဝန်ရှိသူများအား ပြည်သူလူထုအနေဖြင့် မီးဘေးအန္တရာယ်မှကင်းဝေးစေရေး လိုအပ်သည်များ ဆွေးနွေးအသိပညာပေးခြင်းများ ဆောင်ရွက်ကြသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)