မန္တလေး မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်၊ လမ်း ၈၀း၊ ၂၄-၂၅လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက်ရှိ စာကြည့်တိုက်တွင် မေ ၁၈ ရက်က အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အား ဂုဏ်ပြုသောအားဖြင့် လူသားမျိုးနွယ်ကိုယ်စားပြု မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြန်မာ့လက်ဖက်နှင့် ထမနဲပြပွဲ ကျင်းပသည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းအေး၊ ယဥ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက်ဌာနစိတ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသောင်းနှင့်ဝန်ထမ်းများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခန့်သွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက် (၁၉)ရပ်ကွက်မှ အုပ်ချုပ်ရေးမူးများနှင့် ရာအိမ်မှူးများ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ နန်းတော်ရှေ့အသင်း၊ ဌာနီအရှေ့ လူမှုကူညီရေးအသင်းအဖွဲ့နှင့်စာပေဝါသနာရှင်များ၊ ဖိတ်ကြားထားသူများစုစုပေါင်း ၁၆၀ ဦးခန့် တက်ရောက်ကြပြီး ပြတိုက်အတွင်း၌ အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ခင်းကျင်းပြသထားမှုများကိုလှည့်လည်ကြည့်ရှုကြရာ ယဉ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက်ဌာနစိတ် လက်ထောက်ညွှန်ကြားရေးမှူးက လိုက်လံရှင်းလင်းပြသသည်။
အဆိုပါပြတိုက်အတွင်း ဒေါ်ရှိ ထမင်းနဲနှင့် အရီးတောင်းလက်ဖက်များလည်း ခင်းကျင်ပြသကြောင်းသိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)