မြစ်သား မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာခြင်းနှင့် လက် ကမ်းစာစောင်များဖြန့်ဝေခြင်းကို မေ ၂၀ ရက် နံနက် ၁၀ နာရီက ရွှေသူဌေးရပ်ကွက်နှင့် ဘူတာရပ်ကွက်တို့တွင်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်စန်းစန်းဝင်းနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့်ဝန်ထမ်းများက ရွှေသူဌေးရပ်ကွက်နှင့်ဘူတာရပ်ကွက်ရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပေးလိုက်လံနှိုးဆော်ကြေညာခြင်း၊ လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)