မလှိုင်မြို့၌ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး အသိပေးဆိုင်းဘုတ်စိုက်ထူ

မလှိုင်  မေ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေ အရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၇ နာရီ မိနစ် ၃၀ အချိန်က အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(မလှိုင်)ကျောင်းရှေ့၌ ကျင်းပသည်။

အဆိုပါဆိုင်းဘုတ်စိုက်ထူပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၁၀၅)ဦးတို့က "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ် စိုက်ထူကြပြီး အဆိုပါဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)