ပြင်ဦးလွင် မေ ၂၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၂) မန္တလေး - လားရှိုးလမ်းဘေးရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်းရှေ့၌ ကျင်းပသည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား စိုက်ထူသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲထူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ ပြင်ဦးလွင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)