ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် Grade-9 သင်ရိုးသစ်စာမေးပွဲ ဖြေဆိုပြီးစီး
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-9) သင်ရိုးသစ်စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုလျက်ရှိသည့် ယမန်နေ့က သိပ္ပံဘာသာရပ် ဖြေဆိုခဲ့ကြပြီး (Grade-9) သင်ရိုးသစ်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ပြီဖြစ်သည်။