ကျောက်ဖြူခရိုင်၌ Grade-5 နှင့် Grade-9 စာမေးပွဲ သိပ္ပံဘာသာရပ်နှင့် ပထဝီဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများမှ ဝင်ရောက်ဖြေဆို

ကျောက်ဖြူ  ဖေဖော်ဝါရီ  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade -9 အတန်းဆုံး စာမေးပွဲအား သက်ဆိုင်ရာ စာစစ်ဌာနအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက သိပ္ပံဘာသာရပ်နှင့် ပထဝီဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူခရိုင်၌ Grade-5 စာစစ်ဌာန (၁၄၄) ခုတွင် သိပ္ပံဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၃၀၆၂ ဦး ဝင်ရောက်ဖြေဆိုကာ ဖြေဆိုမှုရာခိုင်နှုန်း (၆၃) ရာခိုင်နှုန်းရှိပြီး Grade-9 စာစစ်ဌာန (၁၃၈)ခုတွင် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ ၂၄၃၂ ဦးတို့မှ ဝင်ရောက်ဖြေဆိုကာ ဖြေဆိုမှုရာခိုင်နှုန်း (၆၈) ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာန ကြီးကြပ်ရေးအဖွဲ့များ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)