တောင်ကုတ် ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 စာမေးပွဲများကို ယနေ့နံနက် (၉) နာရီအချိန်တွင် စာစစ်ဌာနများအလိုက် ကျင်းပလျက်ရှိရာ ပထဝီဘာသရပ်နှင့် သိပ္ပံဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြေဆိုလျက်ရှိရာတွင် Grade-5 အတန်း၌ သိပ္ပံဘာရပ်ကို ဖြေဆိုရန် စာရင်းရှိ ၂၈၆၄ ဦးရှိသည့်အနက် ၂၆၄၆၄ ဦးကလည်းကောင်း ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ၊ Grade-9 အတန်း၌ ပထဝီ ဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ ၁၈၇၉ ဦးရှိသည့်အနက် ၁၇၅၇ ဦးကလည်းကောင်း အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ၊ဆရာမများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)