သံတွဲမြို့၌ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၆ ရက် နံနက် ၉း၃၀ နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီတွင် သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။