ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဦးရဲကျော်သူကျောင်းတိုက် အကြီးစားပြုပြင်နေမှုနှင့် လောကာနန္ဒာ စေတီတော်ရင်ပြင်အတွင်း အသုံးပြုမည့် နေပူခံကျောက်ပြားများ ရောက်ရှိလာမှုအား သွားရောက်ကြည့်ရှု စစ်ဆေး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်အား ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို အကြီးစားပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ လောကာနန္ဒာစေတီတော်ရင်ပြင်အတွင်း အသုံးပြုမည့် နေပူခံကျောက်ပြားများ အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခန်းဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲများ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (Grade-4) မှ(Grade-12) ထိ အခန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲများကို ယမန်နေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းနောက်ဆုံးစာမေးပွဲများ​ ဖြေဆိုလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် (Grade-4) မှ(Grade-12) အတန်းများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းတွင်းနောက်ဆုံးစာမေးပွဲများကို ယနေ့နံနက်ပိုင်းမှ စတင်ဖြေဆိုလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပင်စင်ငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးပြီးဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ဇန်နဝါရီ ၂၂  ရက်နေ့မှစ၍  ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲများ ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲများကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမအတွင်း ပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့တွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အတန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆို

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့အတွင်းရှိ အခြေခံကျောင်းများတွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အတန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အတန်းဆုံးစာမေးပွဲကိုကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာယနေ့ ယနေ့နံနက်ပိုင်းက စတင်ကာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုကိုမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအားဖူးမြော်၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)၏ (၁၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။
Subscribe to ရခိုင်ပြည်နယ်