ကျောက်ဖြူခရိုင်၌ Grade-5 စာမေးပွဲ နောက်ဆုံးနေ့နှင့် Grade-9 စာမေးပွဲ သမိုင်းဘာသာရပ်တို့အား ကျောင်းသား၊ကျောင်းသူများမှ ဝင်ရောက်ဖြေဆို

ကျောက်ဖြူ ဖေဖော်ဝါရီ  ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade -9 နှစ်ဆုံး စာမေးပွဲတို့အား သက်ဆိုင်ရာစာစစ်ဌာနအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက Grade-5 စာမေးပွဲ နောက်ဆုံးနေ့ လူမှုရေးဘာသာရပ်နှင့် Grade -9 စာမေးပွဲ သမိုင်းဘာသာရပ်တို့ကို ကျောင်း သား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူခရိုင်၌ အခြေခံပညာမူလတန်းအဆင့် Grade-5 နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၁၄၄)ခု ဖြင့် ကျင်းပပြုလုပ်ပြီး နောက်ဆုံးနေ့ လူမှုရေးဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၃၀၅၆ ဦး တို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြကာ ဖြေဆိုမှုရာခိုင်နှုန်း (၆၃) ရာခိုင်နှုန်းရှိသည်။ အလားတူ အခြေခံပညာ အလယ်တန်းအဆင့် Grade-9 သင်ရိုးဟောင်း နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန (၁၃၈)ခုဖြင့် ကျင်းပပြုလုပ်လျက်ရှိပြီး သမိုင်းဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ ၂၄၃၁ ဦးတို့မှ ဝင်ရောက် ဖြေဆိုကာ ဖြေဆိုမှု ရာခိုင်နှုန်း (၆၈) ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာန ကြီးကြပ်ရေးအဖွဲ့များ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)