မွန်ပြည်နယ်

သထုံမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၆၉၉ ခု ဆောင်ရွက် ပေးပြီး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ဒေသခံ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက် လိုက်လံဆောင်ရွက် ပေးလျက်ရှိရာ ပြည်သူစုစုပေါင်း ၁၆၉၉ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကျိူက်မရောမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး ပူးပေါင်းပါဝင်ကူညီပေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk- Show ပြုလုပ်

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ပူးပေါင်းပါဝင်ကူညီပေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk-Show အခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ချောင်းဆုံတွင် ကိုယ်အင်္ဂါမသန်စွမ်းသူအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ Talk Show ကျင်းပ

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့နံနက် ၁၁ နာရီ က မသန်းစွမ်းသူများအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk Show ကို ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း ချောင်းဆုံရုံးခွဲတို့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် မိုးစပါးချေးငွေဆက်လက်ထုတ်ပေးရာ ယနေ့အထိ ငွေကျပ် (၂၃၄၀၇)သိန်းကျော် ထုတ်ချေးပေးပြီး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက် တောင်သူကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းအချိန် က အဆိုပါဘဏ်ခွဲတွင် ကညှော်ကျေးရွာ တောင်သူ (၂၂၀)ဦးအား စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၆၁) ခြေလျင်တပ်ရင်း၊ တပ်တွင်းခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေးမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်နှင့် (၅)နှစ်အောက်ကလေး (၁၅၂)ဦးတို့အား ကိုဗစ်-၁၉ ထောက်ပံ့ငွေများ ပေးအပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ပြည်သူ့ဆေးရုံနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကုသဆောင်တွင် ဆေးရုံတက်ရောက်ကုသမှုခံယူပြီး ပြန်လည်ကောင်းမွန်လာသည့် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်သည်နှင့် အသက် (၅)နှစ်အောက် ကလေးစုစုပေါင်း (၁၅၂)ဦးတို့အား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့နံနက် က ကာယကံရှင်များ လက်ဝယ်အရောက် ထောက်ပံ့ငွေများကို သွားရောက် ထောက်ပံ့ပေးလျက်ရှိ ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ယခင်ဒုတိယအသုတ် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ယနေ့ဆက်လက်ထိုးနှံပေးလျက်ရှိ

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် စက်တင်ဘာ (၁၄)ရက်မှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ယနေ့ နံနက် က ဦးစား ပေးအုပ်စု အလိုက်ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့အထိ (၂၂၇၁၆)ဦး အားထိုးနှံပေးခဲ့ပြီး မနက်ပိုင်း တွင် တတိအသုတ်(ပထမအကြိမ်)ထိုးနှံခြင်းကိုလည်းကောင်း၊ ယခင် ဩဂုတ်လက အသက် (၆၅)နှစ်နှင့်အထက် ဒုတိယအသုတ် (ဒုတိယအကြိမ်) ဆေးထိုးနှံကျန်ရှိသူများအား ယနေ့မွန်းလွဲပိုင်း တွင် လည်းကောင်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၃ ရက်မြောက်နေ့ ဆက်လက်ထိုးနှံပေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်တင်ဘာလ(၂၇)ရက်နေ့ နံနက် ၉ နာရီမှစတင်ကာ ၁၃ ရက်မြောက်နေ့အဖြစ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်(၇)နေရာဖြစ်သော အ.ထ.က (၁) မြို့သစ်၊ကျိုက္ခမီ (ကဇာတ်ရုံ)၊ အ.ထ.က ကျုံကဒတ်၊ အနင်းတိုက်နယ်ဆေးရုံ၊ ထင်းရှူးတိုက်နယ်ဆေးရုံ ၊ ကရုပ္ပိတိုက်နယ်ဆေးရုံနှင့် ဝဲခမိတိုက်နယ် ဆေးရုံတို့၌ ထိုးနှံပေးလျက်ရှိသည်။

ပေါင်မြို့နယ်၌ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ RDT Tesk Kit ​ဖြင့် စစ်ဆေးပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ကျေးရွာ၊ ပန်းတောပရိယတိစာသင် တိုက်နှင့် ကုလားချောင်းပရိယတိစာသင်တိုက်တို့၌ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ​ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ပေါင်မြို့နယ်တွင် ဒုတိယအသုတ်အဖြစ် ပြည်သူများ အား ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို စက်တင်ဘာ ၂၇ရက် နံနက် ၉နာရီက ဒုတိယအသုတ်အ​​နေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) စုရပ် (၃)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Subscribe to မွန်ပြည်နယ်