သထုံမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၆၉၉ ခု ဆောင်ရွက် ပေးပြီး

သထုံ စက်တင်ဘာ ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ဒေသခံ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက် လိုက်လံဆောင်ရွက် ပေးလျက်ရှိရာ ပြည်သူစုစုပေါင်း ၁၆၉၉ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

"ပန်းခင်းစီမံချက်ကို မေလ ရက်နေ့ကစပြီး ကွင်းဆင်း ဆောင်ရွက်ပေးနေတာပါ။ ကိုဗစ်ကာလဖြစ်တာကြောင့် လူစုလူဝေးမဖြစ်ဖို့ဂရုစိုက်ရတယ်။ အချို့ကျေးရွာတွေကို ရုံးမှာဘဲခေါ်ပြီး ကိုဗစ်စည်းကမ်းချက်များနှင့်အညီ လုပ်ပေးရတာပေါ့ ဒီစီမံချက်ဟာ နိုင်ငံသားတစ်ဦးရဲ့ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနဲ့ လူမှုစီးပွားဘဝ ပြည်စုံမှုရှိရေးတွေ အတွက် သတ်မှတ်ချက်တွေနဲ့ကိုက်ညီသူတွေကို နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်အရောက် ထုတ်ပေးတဲ့ စီမံချက်ပါ" ဟု မြို့နယ်ဦးစီးမှူး ဦးခင်ထွန်းက ပြောသည်။

မွန်ပြည်နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသူ စုစုပေါင်း ၂၉၄၀၄၃ ဦးရှိကြောင်း ပန်းခင်းစီမံချက်သည် လာမည့်ရွေးကောက်ပွဲ၌ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်ပြီး မဲပေးနိုင်ရေး ဆောင်ရွက်သည့် စီမံချက် တစ်ခုဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက စက်တင်ဘာလ ၂၄ ရက်နေ့က အထက ()သထုံကျောင်း ဉာဏ်ဝေယံခန်းမ၌ ပြုလုပ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ရာတွင် သထုံမြို့နယ် အတွင်းရှိ တပ်မတော်တပ်ရင်းတပ်ဖွဲ့ ခုနှင့် ကျေးရွာအုပ်စု ၁၃ အုပ်စုတို့မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း ၁၆၉၉ ဦးတို့အတွက် အဖွဲ့များခွဲ၍ လိုက်လံကွင်းဆင်းပြုလုပ်ပေးနိုင်ခဲ့ပြီး ပန်းခင်းစီမံချက်နှင့် ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များဝေငှခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်း စသည့် ပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)