ချောင်းဆုံ စက်တင်ဘာ ၂၇
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် စက်တင်ဘာ (၁၄)ရက်မှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ယနေ့ နံနက် က ဦးစား ပေးအုပ်စု အလိုက်ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့အထိ (၂၂၇၁၆)ဦး အားထိုးနှံပေးခဲ့ပြီး မနက်ပိုင်း တွင် တတိအသုတ်(ပထမအကြိမ်)ထိုးနှံခြင်းကိုလည်းကောင်း၊ ယခင် ဩဂုတ်လက အသက် (၆၅)နှစ်နှင့်အထက် ဒုတိယအသုတ် (ဒုတိယအကြိမ်) ဆေးထိုးနှံကျန်ရှိသူများအား ယနေ့မွန်းလွဲပိုင်း တွင် လည်းကောင်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိဆေးထိုးစုရပ် (၁၅)နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံ ရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများ၊ သာသနာ့အနွယ်ဝင်များ၊ အသန်စွမ်းသူများ အသက် (၁၈)နှစ်ပြည့်ပြီးသူများ အပါအဝင် ဦးစားပေးအလိုက်သတ်မှတ်ပြီး ပြည်သူများအား နေ့စဉ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိပြီး စုရပ်တစ်ခုတွင် လူဦးရေ(၁၅၀)ဦးစီဖြင့် တစ်မြို့နယ်လုံး အနေနှင့် လူဦးရေ (၂၀၀၀)ကျော်အားပုံမှန်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် လျော့နည်းကျဆင်းရေးအတွက် မြို့နယ်အတွင်းရှိ တာဝန်ရှိသူများက ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး ကာကွယ် ဆေးထိုးလုပ်ငန်း ကိုလည်းကောင်း၊ ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် တစ်ရက်လျင် လူဦးရေ (၂၀၀)ကျော်အားပုံမှန်စစ်ဆေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်းနှင့် အသိပညာပေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
ချောင်းဆုံ