မွန်ပြည်နယ်

ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ပေါင်မြို့နယ်တွင် ဒုတိယအသုတ်အဖြစ် ပြည်သူများ အား ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို စက်တင်ဘာ ၂၇ရက် နံနက် ၉နာရီက ဒုတိယအသုတ်အ​​နေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) စုရပ် (၃)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

(၄၂)ကြိမ်မြောက် မုဒုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူနိုင်ရေးအတွက် လှည့်လည်အလှူခံ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံ မြို့နယ်လုံးဆိုင်ရာ (၄၂)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူနိုင်ရေးအတွက် ယမန်နေ့က ရပ်ကွက်များတွင် ဆွမ်းဆန် များ လှည့်လည်အလှူခံလျက်ကြောင်း သိရှိရသည်။

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ၏ ဝမ်းသာပီတိ ရင်တွင်းစကားသံ

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် ဦးစားပေးထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး(၂)ကြိမ်ထိုးပြီးသူ၏ ဝမ်းသာပီတိရင် တွင်းစကားသံကို အခုလိုဘဲကြားသိခဲ့ရပါတယ်,....

ချောင်းဆုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှမထိုးနှံရသေးသူ (၂၀၇၇၆)ဦးအား ထိုးနှံပေးပြီးဖြစ်

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ကာကွယ်ဆေးတစ်ကြိမ်တစ် ခါမျှမထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ယနေ့နံနက်တွင်လည်း ဆေးထိုး စုရပ် အသီးသီး ၌ ဆေးထိုးကာလ (၁၂)ရက်အတွင်း (၂၀၇၇၆)ဦးအားထိုးနှံပေးပြီးဖြစ် သည်။

ကျိုက်မရော၌ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူမူဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်၉နာရီက အောင်သုခရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ပေးလျက် ရှိသည်။

ဘီးလင်းမြို့နယ်တွင်း ရေကြီးနစ်မြုပ်မှုဒဏ်ခံရသည့် ရပ်ကွက်နှင့်ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာ အိတ်မျာ ထောက်ပံ့ပေးအပ်

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ယခုနှစ်ဇူလိုင်လနှင့် သြဂုတ်လများအတွင်းက ဘီးလင်း မြစ်ရေလျှံတက်လာမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအချို့တို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ် ခဲ့သည်။ အဆိုပါ ရေးဘေးဒဏ်ခံခဲ့ရသည့် ရပ်ကွက်နှင့် ကျေးရွာများမှ ကျွဲ၊နွား များအတွက် တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့ နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်မရော၌ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူမူဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉နာရီက အောင်သုခရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ပေးလျက်ရှိသည်။

ပေါင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မွန်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် မွန်၊ မြန်မာနှစ်ဘာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် ခရိုက်နှီးဟုကျေးရွာအုပ်စု သာယာကုန်းကျေးရွာရှိ အိမ်ထောင်စုဝင်များအား အစားအသောက်ကုန်ပစ္စည်းများ ထောက်ပံ့

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ခရိုက်နှီးဟုကျေးရွာအုပ်စု သာယာကုန်းကျေးရွာရှိ အိမ်ထောင်စုဝင် များအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်က ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့မှ ဦးစီးပြီး အဆိုပါ ကျေးရွာ အိမ်ထောင်စုဝင်များအား ဆန်၊ ဆီ စသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခဲ့ကြသည်။

မွန်ပြည်နယ်တွင် ဥပဒေဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရေးထပ်ဆင့် ရှင်းလင်းခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များနှင့် ဥပဒေအရာရှိများ၏ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့နံနက် ၉နာရီက မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက် မွန်ပြည်နယ် ဥပဒေချုပ်ရုံးခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ဥပဒေချုပ် ဦးမြင့်အောင်၊ ပြည်နယ်ဥပဒေအရာရှိ ဒေါ်သစ်သစ်ဝင်း၊ ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေ အရာရှိများ၊ ခရိုင်နှင့် မြို့နယ် ဥပဒေအရာရှိများ တက်ရောက်ကြသည်။
Subscribe to မွန်ပြည်နယ်