ချောင်းဆုံ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံ
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျော့ချစေရန်ရောဂါကူးစက်ပြန့်ပွားမှုကို တာဆီးစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်ပြည့် ပြီးသူပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် (၁၅)နေရာတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။