ပေါင်မြို့နယ်၌ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ RDT Tesk Kit ​ဖြင့် စစ်ဆေးပေး

ပေါင်    စက်တင်ဘာ ၂၇

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ကျေးရွာ၊ ပန်းတောပရိယတိစာသင် တိုက်နှင့် ကုလားချောင်းပရိယတိစာသင်တိုက်တို့၌ သံဃာတော်များအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ​ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရင်းငြိမ်မြောက်ကျေးရွာ၊ ပန်းတောပရိယတိစာသင်တိုက် သံဃာတော် (၄၈)ပါး၊ ကုလားချောင်ပရိယတိစာသင်တိုက်မှ သံဃာတော် (၈၆)ပါး၊ စုစုပေါင်း သံဃာတော် (၁၃၄)ပါးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ​ဖြင့် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သံဃာတော်များအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ​ဖြင့် စစ်ဆေးပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းမှ လာရောက်ကြည့်ရှု၍ ဆရာတော်သံဃာတော်များအား ဖူးမျှော်ကြည်ညိုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းစတင်ဖြစ်ပွားသည့်နေ့မှ စက်တင်ဘာလ (၂၆)ရက်နေ့အထိ ပေါင်မြို့နယ်တွင် ရောဂါပိုးတွေ့ရှိသူ (၁၀၀၉)ဦးရှိခဲ့ပြီး သေဆုံးသူ (၇၉)ဦး ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

 ဝဏ္ဏမောင်(ပြန်/ဆက်)