သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၃ ရက်မြောက်နေ့ ဆက်လက်ထိုးနှံပေး

 

သံဖြူဇရပ်   စက်တင်ဘာ  ၂၇

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်တင်ဘာလ(၂၇)ရက်နေ့  နံနက် ၉ နာရီမှစတင်ကာ ၁၃ ရက်မြောက်နေ့အဖြစ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်(၇)နေရာဖြစ်သော အ.ထ.က (၁) မြို့သစ်၊ကျိုက္ခမီ (ကဇာတ်ရုံ)၊ အ.ထ.က ကျုံကဒတ်၊ အနင်းတိုက်နယ်ဆေးရုံ၊   ထင်းရှူးတိုက်နယ်ဆေးရုံ ၊ ကရုပ္ပိတိုက်နယ်ဆေးရုံနှင့် ဝဲခမိတိုက်နယ် ဆေးရုံတို့၌ ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းအားအမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိရာ၊  သံဖြူဇရပ်မြို့နယ်တွင်အသက်(၅၅)နှစ် အထက်သက်ကြီး ဘိုးဘွားများ၊ ရဟန်းသံဃာများ၊ တစ်ကြိမ်တစ်ခါမှထိုးနှံမထားသူများ၊ ပထမအကြိမ်ထိုးနှံ ထားသူများ၊ မသန်စွမ်းသူများ၊ ဝန်ထမ်းများနှင့်ဦးစားပေးအုပ်စုများတွင် ပါဝင်သူများက လာရောက် ထိုးနှံလျက်ရာ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စက်တင်ဘာလ ၂၆ရက်နေ့အထိ လာရောက် ထိုးနှံသူ လူဦးရေစုစုပေါင်း (၂၈၃၀၅)ဦးရှိပြီး ယနေ့တွင်လည်း ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေး လျက်ရှိရာ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့်လူမှုရေးအသင်းအဖွဲ့တို့က ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

သံဖြူဇရပ်